August 21, 2008

Lage Raho Munna Bhai/ Carry on Brother Munna/लगे रहो मुन्नाभाई (အိန္ဒိယ)

ဆု ၇ ဆုရပြီး ကုလသမဂ္ဂအထွေထွေညီလာခံနဲ့  ကမ္ဘာ့တရားသူကြီးများအစည်းအဝေးတွေမှာ ၂၀၀၆ ခုနှစ်က ပြသခဲ့တဲ့ နာမည်ကြီးဇာတ်ကားပါ။ Cannes Film Fest, University of Southern California, Concordia University, Massachusetts Institute of Technology နဲ့ Harvard Law School မှာလည်း ပြသပြီးပါပြီ။ နိုင်ငံရေးဇာတ်ကားတော့မဟုတ်ပါဘူး။ အကြမ်းမဖက်တဲ့နည်းကို ပုံဖော်ထားတဲ့ ဟာသဇာတ်ကားပါ။ အန္ဒိယမှာရဲ့  လူမှုရေးနဲ့ ယဉ်ကျေးမှုကို လှုပ်ခတ်သွားတယ်လို့ ဖတ်ရပါတယ်၊။ ဇာတ်လမ်းကတော့ --- ဘုံဘေကလူမိုက်နှစ်ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ Munna (Sanjay Dutt) က ရေဒီယို jockey အမျိုးသမီး Jhanavi (Vidya Balan) ရဲ့အသံကို စွဲလမ်းနေပါတယ်။ Munna က Jhanavi ကို ဂန္ဒီ နဲ့ပတ်သက်တဲ့ call-in radio show ကနေတဆင့် ချည်းကပ်ပါတယ်။ နောက်ပိုင်းမှာ Munna ကိုယ်တိုင် ဂန္ဒီကိုမြင်ပြီး တခြားလူတွေရဲ့ အခက်အခဲကို radio show ကနေ ဖြေရှင်းပေးတာပါ။ ဇာတ်လမ်းကောင်းသ လို ဟာသတွေလည်းကောင်းပါတယ်။

Sanjay Dutt stars in this film as Munna Bhai, a Mumbai (Bombay) underworld don, who begins to see the spirit of Mahatma Gandhi. Through his interactions with the image of Gandhi, Munna Bhai begins to practice what he calls Gandhigiri to help ordinary people solve their problems.

ဘာသာစကား (language) - ဟင်သီ (Hindi)
စာတမ်းထိုး (Subtitle) - အင်္ဂလိပ် (English)
ရုံတင်သည့်နှစ် (Date of Release) - ၂၀၀၆ (2006)
အမျိုးအစား (Gerne) - ဟာသ (Comedy)
ရုပ်ရှင်ကြည့်ရန် (To Watch) - ဒီမှာနှိပ်ပါ (click here)

No comments: